HashOcean

Monday, July 14, 2014

Dell ကွန်ပျူတာ Hardware စစ်နည်းလေးပါ ( Credit : Sanlin Htet )

 Dell ကွန်ပျူတာသုံးနေများသိသင့်တဲ့အချက် - Sanlin Htet
==================================
ဒီနေ့ ရေးချင်တာက Dell Inspiron တစ်လုံး warranty ကျန်သေးတဲ့တစ်လုံးပေါ့ အဲဒါကို စစ်ကြည့်တဲ့အကြောင်းပြောပြပါ့မယ်


တစ်ခြား Services လုပ်နေတဲ့ အဖွဲ့ ထဲ က လူတွေ ကို ကျွန်တော်ပြန်မျှချင်တာလေးပေါ့ဗျာ

 Dell မှာ Service Tag System တစ်ခု ပါတယ်ဆိုတာလေးပါပဲ ...ePSA Pre-boot System Assessment
တစ်ခုပေါ့ BIOS မတက်ခင်သူ က မိမိ ရဲ့ Hardware တွေကို စစ်ပေးပါ .. ပြီးရင် Error Code ကိုထုပ်ပေးပါတယ်....အဲဒီ Error code ကို မှတ်ထားပြီး Dell Service Center ကိုဖုန်းဆက်ပြီးပြောလိုက်ရင် မလေးရှား မှာရှိတဲ့ Dell Services မှ မိမိ နဲ့နီးစပ် ရာ Regional Services Provider ကို အိမ်တိုင်ရာရောက်လွှတ်ပေးပြီး Services လာလုပ်ပေးပါတယ်.. ( မြန်မာပြည်မှာတော့မသိဘူးပေါ့ ဗျာ :) ) ဒါပေမဲ့ မိမိ စက်မှာ သို့လောသို့လော ဘာဖြစ်မှန်းမသိသူတွေ အတွက်တော့ ကိုယ်တိုင်စမ်းလို့ရပါတယ် ..ကျွန်တော် အခုလုပ်နေတဲ့ စက်ကလေး က သူက Windows မတတ်နိုင်တာပါ ..Windows မတတ်နိုင်တဲ့အကြောင်း က အများကြီးပါ HDD error , Windows start up issue , Memory problem စသဖြင့်အမျိုးမျိုးရှိပါတယ်....


ထားပါတော့ Windows Error ပဲ ထားပါတော့ W 7 DVD ခွေထည့် Repair လုပ်နေရတာ ကြာပါတယ်...Dell လို Services Tag System မှာ ဝင်စစ်ရင် တစ်ခုချင်းစစ်နေရတာထက် ပိုမို မြန်ဆန်ပါတယ်...စစ်ပုံလေး က ရိုးရှင်းပါတယ်..Battery ကိုဖြုတ်ပါ ... ပြီးရင် Power Adapter ကို plug မှာတက်ထားပါ ...ပြီးရင်..Laptop ရဲ့ Power Button ကို ဖိထားပါ ..ပြီးမှ adapter Jack Pin ကို Laptop ရဲ့ power port မှာ ထိုးလိုက်ပါ ခဏ နေရင် Dell Inspiron ဆို တာတတ်လာပြီး သူ ePSA Pre-boot System Assessment ကိုဝင်ပါလိမ့်မယ်..ပြီးရင် စ စစ်ပါလိမ့်မယ်..ကျွန်တော် ဒီနေ့ စစ်နေတဲ့ စက်ရဲ့ HDD Error Result လေး ကို ပုံရိုက်ပြီးတင်ပေးလိုက်ပါတယ်..HDD Error ပါ ...ဒါဆိုရင် မိမိ ရဲ့ Dell စက်ကလေး ဘာဖြစ်တယ် ဘယ်နေရာကပျက်တယ်ဆိုတာ သိနိုင်ပါလိမ့်မယ် အနည်းဆုံးတော့ သူများကိုယ့်ကို ရွှီးလို့မရတာပေါ့ ...Dell Laptop တွေ က Services သမားတွေအတွက်ကတော့ ခေါင်းစား တော်တော်သက်သာပါတယ်...
တစ်ခုတော့ရှိတယ်  power port က ဖြစ်တယ်ဆိုရင်တော့ ...services ဆိုင်ကိုပဲပို့လိုက်ပါဗျာ...


ကွန်ပျူတာနှင့် နည်းပညာဆိုင်ရာ အမေးအဖြေ ဆွေးနွေးခန်း
https://www.facebook.com/groups/talks.IT/
by Sanlin Htet https://www.facebook.com/sanlinhtet1984
ကွန်ပျူတာဆိုင်ရာ၊ မိုဘိုင်းဖုန်းဆိုင်ရာ၊ စာပေကဏ္ဍ၊ ဖျော်ဖြေရေးနှင့်သတင်းကဏ္ဍစုံလင်စွာဖတ်ရှုနိုင်ဖို့ ယခုပဲ Like လုပ်လိုက်ပါ ... Please Share This Post
Facebook မှမလွတ်တမ်းဖတ်ရှုလိုပါက follow ကိုနှိပ်ပါ။ Confirm ကိုထပ်နှိပ်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။
Myanmar Techno Library
*******************************************************************

0 comments:

Post a Comment

နည်းပညာကဏ္ဍ၊ စာပေကဏ္ဍ၊ ဖျော်ဖြေရေးနှင့်သတင်းကဏ္ဍစုံ ...
Free Download Full Version Softwares & Applications For Your Computers & Mobile Devices ...