HashOcean

Tuesday, September 16, 2014

ဂွာတီမာလာမှာ ပိုက်ဆံမရှိရင် သေဖို့တောင် မလွယ်ကူ





နှာခေါင်းနဲ့ပါးစပ်ကို ဖုံးအုပ်တဲ့ မျက်နှာဖုံးစွပ်နဲ့ သင်္ချိုင်း ရှင်းလင်းရေး သမားဟာ လက်ကိုင်ရှည်တူမကြီး တလက်ကိုင်ပြီး သူ့ရဲ့ အလုပ်ကို စလုပ်တယ်။ သင်္ချိုင်းထဲက အုပ်ဂူတွေကို သူ့လက်ထဲက တူမကြီးနဲ့ ထုခွဲပြီး ဂူအတွင်းမှာ ရှိတာမှန်သမျှကို ရှင်းထုတ်ပစ်လိုက်တယ်။

အလင်းရောင်ကောင်းကောင်းမရတဲ့ ဂူတခုထဲက ဆံပင်မွှေးထူထူထဲထဲ ကျန်နေသေးတဲ့ လူဦးခေါင်းခွံကို ဖယ်ထုတ်လိုက်ပါတယ်။ နောက်ဂူတခုထဲကတော့ အဖြူရောင်ပန်းကလေးနဲ့ အလှဆင်ထားတဲ့ အခေါင်းငယ်လေးတခု ထွက်လာတယ်။ မွေးကင်းစကလေးငယ်လေးတဦးရဲ့ အလောင်းဖြစ်ဟန်တူတယ်။

သင်္ချိုင်းရှင်းလင်းရေးလုပ်သူတွေဟာ မိသားစုဝင်တွေက သီးသန့်အုတ်ဂူနဲ့ထားဖို့ မြေငှားရမ်းခ ဆက်လက်မပေးဆောင်နိုင်တော့တဲ့ ဂူတွေကို ရှင်းလင်းပြီး နောက်လာမယ့် မိတ်သစ်တွေအတွက် နေရာလုပ်ပေးနေတာဖြစ်ပါတယ်။

မိသားစုဝင်တွေ လာမရွေးတဲ့ ရုပ်ကြွင်းတွေကို ပလက်စတစ်အိတ်ထဲ စုထည့်၊ အိတ်ပေါ်မှာ သေသူရဲ့ အမည်၊ အသက်၊ ဦး/ဒေါ် စသဖြင့်တွေကို ရေးခြစ်မှတ်သားတယ်။ ဒီရုပ်ကြွင်းတွေကို အုပ်စုလိုက် မြေမြှပ်မှာ ဖြစ်တယ်။ အလောင်းအများစုက ပျက်စီးပုပ်ပွနေကြပြီဖြစ်ပြီး ပူးပြင်းခြောက်သွေ့တဲ့နေရာမှာရှိတဲ့ ဂူတွေထဲက အလောင်းတွေကတော့ ဆေးစီမံထားတဲ့ မမ်မီရုပ်လောင်းတွေလို ကျန်နေသေးတယ်။

သူတို့ပုံစံကတော့ ဆောက်လုပ်ရေးအလုပ်သမားတွေ၊ အမှိုက်သရိုက် ကြိုချက်စက်ရုံက အလုပ်သမားတွေလိုပါပဲ။ သင်္ချိုင်းရှင်းလင်းရေးသမားတွေလို့ ခွဲခြား သိနိုင်ဖို့ ခက်ပါတယ်။ လူသေအလောင်းတွေကိုထည့်ထားတဲ့ ပလက်စတစ်အိတ်တွေကို အမှိုက်သိမ်းသလိုပဲ ထရပ်ကားကြီးပေါ် ပစ်တင်ကြတယ်။ တချို့အလောင်းတွေက အိင်္ကျီဝတ်လျက်ရှိနေသေးတယ်။ ဆံပင်အရှည်ကြီးနဲ့ အလောင်းတခုက အရိုးအိတ်ပုံကြီးရဲ့ အပေါ်ဆုံးမှာ မတ်မတ်ကြီး ထိုင်လျက်သား ဖြစ်နေတယ်။ နောက်အလောင်းတခုကတော့ မမ်မီရုပ်အလောင်းကောင်လို အနေအထားမပျက်ရှိနေပြီး “အမှိုက်မပစ်ရ”လို့ရေးထားတဲ့ နံရံကို မှီပြီး ထောင်ထားပါတယ်။

အဲဒီလို မြေငှားခမပေးနိုင်တော့လို့ ဖယ်ရှားခံရတဲ့အလောင်းတွေထဲက မိသားစုဝင်တွေက လာရွေးတဲ့ အလောင်းတွေကိုတော့ သေတ္တာငယ်လေးတွေထဲမှာ ထည့်ပြီး အရိုးတိုက်မှာ ထိန်းသိမ်းထားပေးပါတယ်။

အဲဒီမြင်ကွင်းကို ဓါတ်ပုံမှတ်တမ်းတင်ခဲ့တဲ့ ဂျော့ခ်ျဒန်လိုပက်ဇ်က“မြင်ရတာ ခြောင်ခြားစရာကြီး၊ အပေါ်မှာ လင်းတတွေ ပျံဝဲနေပြီး အလောင်းတွေကို ကိုင်တွယ်ရှင်းလင်းသူတွေရဲ့ လှုပ်ရှားမှုကို စူးစိုက်ကြည့်နေတယ်၊ အလောင်းကောင်ရဲ့ အရိုးတွေ အရေတွေကို သေချာမြင်ခွင့်ရခဲ့တယ်၊ ပုံမပျက်သေးတဲ့ အလောင်းကောင်ရဲ့ မျက်နှာတခုက ပြောမပြနိုင်လောက်အောင် ရှုံ့တွနေတာ တွေ့ခဲ့တယ်၊ ဆံပင်တွေကအစ ဂူထဲက အရာအားလုံးဆီက စူးရှတဲ့အနံ့ ထွက်နေတယ်”လို့ ပြောပါတယ်။

သေရင်ကိစ္စပြတ်ပြီလို့ ယုံကြည်သူတွေသိထားဖို့က ဂွာတီမာလာနိုင်ငံမှာတော့ သေလွန်ပြီးနောက်တောင် ပိုက်ဆံမရှိရင် ရွှေ့ပြောင်းခံရနိုင်တယ်ဆိုတာပါပဲ။
ကွန်ပျူတာဆိုင်ရာ၊ မိုဘိုင်းဖုန်းဆိုင်ရာ၊ စာပေကဏ္ဍ၊ ဖျော်ဖြေရေးနှင့်သတင်းကဏ္ဍစုံလင်စွာဖတ်ရှုနိုင်ဖို့ ယခုပဲ Like လုပ်လိုက်ပါ ... Please Share This Post
Facebook မှမလွတ်တမ်းဖတ်ရှုလိုပါက follow ကိုနှိပ်ပါ။ Confirm ကိုထပ်နှိပ်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။
Myanmar Techno Library
*******************************************************************

0 comments:

Post a Comment

နည်းပညာကဏ္ဍ၊ စာပေကဏ္ဍ၊ ဖျော်ဖြေရေးနှင့်သတင်းကဏ္ဍစုံ ...
Free Download Full Version Softwares & Applications For Your Computers & Mobile Devices ...