HashOcean

Thursday, June 19, 2014

အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို မမေးသင့်တဲ့မေးခွန်း ၅ ခု

လူမှုအသိုင်းအဝိုင်းထဲမှာဝင့်ဆံ့နိုင်ဖို့ ဆိုရင် စကားများများပြောဆိုသင့်ပါတယ်။ စကားချည်းပဲပြောဆိုနေရုံနဲ့ လည်းလူအများရဲ့ စိတ်ဝင်စားမှုကိုဖမ်းစားနိုင်မှာမဟုတ်ပါဘူး။ စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းလေး တွေကိုစကားဝိုင်းတစ်ခုမှာ ထုတ်ဖော်မေးမြန်းနိုင်ရင်တော့ ကိုယ်ပြောနေတဲ့ စကားဝိုင်းကလူတွေအားလုံးရဲ့  အာရုံကိုဖမ်းစားနိုင်မှာပါ။ ဒါပေမယ့် အချိန်အခါ နေရာရွေးပြီးတော့ မေးသင့်ပါတယ်။ အထူးသဖြင့် စကားဝိုင်းမှာ အမျိုးသမီးတွေပါနေရင် သူ့ တို့ ကိုမမေးသင့်တဲ့ မေးခွန်းတွေရှိပါတယ်။ ဒါတွေကတော့-

(၁) အရင်ရည်းစားက ဘယ်လိုပုံစံမျိုးလဲ၊
ဒီလိုမေးခွန်းတွေက အမျိုးသမီးတွေကိုအကြပ်ရိုက်မိစေတတ်ပါတယ်။ အရင်ရည်းစားလို့  ဆိုလိုက်ကတည်းက အတိတ်ကာလက စိတ်ပျက်စရာကိစ္စတစ်ခုလို ဖြစ်သွားပြီမို့ လို့  အတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီး နောက်ကြောင်းတွေ မပြန်ခိုင်းချင်ပါနဲ့ တော့။

(၂)ကိုယ်ဝန်ရှိနေပြီလား။
မေးခွန်းတစ်ခုရဲ့ အဓိပ္ပာယ်ကိုထဲထဲဝင်ဝင် လေးလေးနက်နက် စဉ်းစားနိုင်စွမ်းက အမျိုးသမီးတွေမှာ ရှိတတ်ပါတယ်။ နည်းနည်းအဝလွန်နေတဲ့ အမျိုးသမီးတွေကို ဒီလိုမေးခွန်းမေးလိုက်တာကသူတို့ စိတ်ကိုတော်တော်လေးထိခိုက်စေပါတယ်။ဒီအမျိုးသမီးတွေမှာနဂိုကတည်းကကိုယ်အလေးချိန်နဲ့ ပက်သက်ရင် စိတ်ဖိစီးမှုတွေရှိနေတတ်ကြပါတယ်။ နောက်တစ်မျိုးကတော့ ကိုယ်ဝန်တကယ်ရှိနေပေမယ့် အသိမပေးချင်သေးတဲ့ အမျိုးသမီးတွေကိုလည်းကိုယ်ဝန်ရှိနေပြီလားလို့ အတင်းလိုက်မမေးပါနဲ့ ။ ရိုင်းရာကြပါတယ်။

(၃) PMS အချိန်လား။
ဒီလိုမေးခွန်းကိုအငြင်းအခုံလုပ်နေချိန်မှာမမေးသင့်ဆုံးပါပဲ။ အကယ်လို့ များတကယ် ကိုယ်အငြင်အခုံလုပ်နေတဲ့ အမျိုးသမီးကပုံမှန်ထက် ပြောဆိုနေပုံကလွန်ကဲနေပြီး PMS ဖြစ်နေချိန်မှာဒီလိုမေးခွန်းမေးလိုက်ရင် သူ့ ကိုပိုပြီးဒေါသထွက်စေပါတယ်။ဒီလိုအခြေအနေတွေမှာဆိုရင် မသိမသာလွှတ်ထားလိုက်ပါ။

(၄) စားသောက်ခဲ့တဲ့ အဖိုးအခတွေကိုရှင်းပေးဖို့ မတောင်းဆိုပါနဲ့ ။
ညစာစားဖို့ ကမ်းလှမ်းခြင်းခံလာရရင် သူပိုက်ဆံရှင်းပေးဖို့ ကိုမမျှော်လင့်ပါနဲ့ ။ အကယ်လို့ သူ့ ဘက်ကပိုက်ဆံရှင်းဖို့ စတင်ပြောလာခဲ့ရင် လက်ခံသင့်မသင့်ကိုကိုယ်တိုင်စဉ်းစားဆုံးဖြတ်ပါ။ အကယ်လို့ သူကပိုက်ဆံရှင်းဖို့  စကားမစရင်လည်းသူ့ ကိုပိုက်ဆံရှင်းခိုင်းဖို့ မပြောပါနဲ့ ။ ကိုယ့်ကို ကပ်စေနည်းသူတစ်ယောက်လို့ ထင်သွားနိုင်ပါတယ်။

(၅) Date အစီအစဉ်များကိုသူမကိုမစီစဉ်ခိုင်းပါနဲ့ ။
Date လုပ်ဖို့ ကိုအမျိုးသမီးတွေကစပြီး ပြောတာတွေရှိတတ်ပါတယ်။ ဒါပေမယ့် အမြဲအမျိုးသမီးတွေဘက်ကပြောနေရရင် ကြာရင် စိတ်ပျက်တာမျိုးတွေဖြစ်တတ်ပါတယ်။ Date လုပ်ရင် အမျိုးသမီးတွေက အမျိုးသားတွေကို Date အစီအစဉ် စီစဉ်ပေးစေလိုကြပါတယ်။ ဒီတော့ ကိုယ်တိုင် ဦးဆောင်ပြီး Date လုပ်ဖို့ အစီအစဉ်ချပါ။



Myanmar Techno Library
ကွန်ပျူတာဆိုင်ရာ၊ မိုဘိုင်းဖုန်းဆိုင်ရာ၊ စာပေကဏ္ဍ၊ ဖျော်ဖြေရေးနှင့်သတင်းကဏ္ဍစုံလင်စွာဖတ်ရှုနိုင်ဖို့ ယခုပဲ Like လုပ်လိုက်ပါ ... Please Share This Post
Facebook မှမလွတ်တမ်းဖတ်ရှုလိုပါက follow ကိုနှိပ်ပါ။ Confirm ကိုထပ်နှိပ်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။
Myanmar Techno Library
*******************************************************************

0 comments:

Post a Comment

နည်းပညာကဏ္ဍ၊ စာပေကဏ္ဍ၊ ဖျော်ဖြေရေးနှင့်သတင်းကဏ္ဍစုံ ...
Free Download Full Version Softwares & Applications For Your Computers & Mobile Devices ...