HashOcean

Thursday, June 19, 2014

အိမ်တွင်းရေးပြဿနာများဖြေရှင်းဖို့

        ကျွန်ုပ်တို့ အားလုံးလူတွေနဲ့ဆက်ဆံရာမှာ ပတ်သက်မှုနည်းလမ်းမျိုးစုံနဲ့ ဆက်ဆံရပါတယ်။ ပတ်သက်ဆက်နွယ်မှုဆိုတာ ကျွန်ုပ်တို့ရဲ့ လူတွေနဲ့ဆက်ဆံရေးကို ဘယ်လိုထိန်းသိမ်း ထားလဲဆိုတာအပေါ်မှာ မူတည်ပါတယ်။ ဆိုလိုတာက လူတစ်ယောက်ကို သင်က မိတ်ဆွေလို့မှတ်ယူထားပေမယ့် အကြောင်းမတိုက်ဆိုင်လို့ ပြဿနာဖြစ်တဲ့အခါ မိတ်ဆွေလို့ဆက်လက်မမှတ်ယူထားနိုင်တော့တာမျိုး ၊ ပြဿနာပိုပြီးကြီးထွားလာဦးမယ်ဆိုရင် မိတ်ဆွေကနေ ရန်သူဖြစ်သွားတာမျိုး စတာ တွေရှိပါတယ်။ မိသားစု ပြဿနာဆိုတာ နက်နဲပြီး ကိုင်တွယ်ရခက်ခဲတတ်ပါတယ်။ ဒီတော့ -

(၁)    သိတတ်ပါ ။
        ကိုယ့်ထက်အကြီးပြောတာကို အရင်ဆုံးအောင်နားထောင်ပါ။ ဒါဆိုရင် သူတို့ ဘာဆိုလိုတယ်ဆိုတာကို နားလည်နိုင်ပြီး အပြန်အလှန်အနေနဲ့ မင်းဘာလုပ်ချင်တယ် ဆိုတာကိုလဲ သူတို့ကပြန်နားထောင်ပေးပါလိမ့်မယ်။

(၂)    စိတ်ရှည်ပါ ။
        မိဘတွေစိတ်ဆိုးနေချိန်မှာ ပြန်အော်တာမျိုး၊ ပြိုင် ငြင်းတာမျိုးမလုပ်ပါနဲ့ ။ သူတို့ စိတ်ဆိုးပြေချိန်မှသာ တကယ့်ပြဿနာရဲ့အကြောင်းအရင်းနဲ့ သူတို့ယူဆတာက ဘယ်လိုဖြစ်နေတယ် စသည်ဖြင့် ဆွေးနွေးပါ။

(၃)    မင်းဘာဖြစ်ချင်တယ်ဆိုတာကို ရှင်းပြပါ။
        မင်းမိသားစုမှာ မင်းကကလေးတစ်ယောက်ဖြစ်နေပြီး မိသားစုတွင်း ဖြစ်နေတဲ့ အရာတွေကို မနှစ်သက်ဘူးဆိုရင် သူတို့နဲ့အတူထိုင်ပြီး ပြဿနာကိုဆွေးနွေးပါ။ မင်းရဲ့ ခံစားချက်ကို ပြောပြပါ။ ဒါမှသာ သူတို့လုပ်နေတာနဲ့ တကယ်လုပ်သင့်တာက ဘယ်လို ဆိုတာကို နားလည်နိုင်မှာပါ။

(၄)    မင်းရဲ့မျှော်လင့်ချက်များကို ရှင်းပြပါ။
        တကယ်လို့မင်းက မိဘနေရာမှာဖြစ်နေခဲ့ပြီး သားသမီးတွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး မနှစ်သက်ဘူးဆိုရင် သူတို့ကို မအော်ပါနဲ့ ။ ခနဲ့တဲ့ စကားမျိုး၊ ခံရခက်တဲ့စကားမျိုးနဲ့ မဆုံးမပါနဲ့။ စိတ်အေးအေးထားပြီး ရှင်းပြပါ။ သူတို့ကို အချိန်ပေးပါ။ သူတို့အပေါ်မင်းဘယ်လောက်ချစ်တယ်ဆိုတာကို သူတို့သိပါစေ။ ဒါမှသာ သူတို့ကမင်းနဲ့ရင်းနှီးတဲ့ခံစားချက်မျိုး ရနိုင်မှာဖြစ်ပြီး သူတို့ရဲ့ အကြောင်းကိစ္စ မှန်သမျှကို မင်းနဲ့ဆွေးနွေးလာမှာဖြစ်ပါတယ်။

(၅)    မိသားစုအတွက် အပြန်အလှန်အချိန်ပေးပါ။
        မိသားစုသီးသန့်တွေ့ဆုံချိန်ယူပါ။ မိသားစု စုံညီ အပြင်ထွက်လည်တာမျိုးလုပ်ပါ။

(၆)    မိသားစုအတွက် တာဝန်ယူပါ ။
        မိသားစုအတွက် ကိုယ်တတ်နိုင်တဲ့တာဝန်ကို ယူပါ။

(၇)    မင်းရဲ့ ကလေးတွေနဲ့ ခင်မင်ရင်းနှီးမှုယူပါ။
        ကလေးတွေက သူတို့ရဲ့နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စကြီးငယ် မှန်သမျှ မင်းနဲ့ လွတ်လပ်စွာပြောဆိုနိုင်ခွင့် ရှိအောင်လုပ်ပေးပါ။

(၈)    တစ်ဦးနှင့်တစ်ဦး ပွင့်လင်းစွာ ဆက်ဆံပါ။

(၉)    ပြဿနာကြုံလာတဲ့အခါ စိတ်ဓါတ်ကျသွားအောင် အပြစ်မတင်ပါနဲ့ ။
        လင်မယားကြားမှာ ငွေရေးကြေးရေး ၊ စီးပွားရေး အဆင်မပြေဖြစ်လာတဲ့အခါ စိတ်ဓါတ်ကျအောင် အပြစ်တင်မယ့်အစား အားပေးစကားပြောပြီး အတူဖြေရှင်းပါ။

(၁၀)  ပြဿနာဖြေရှင်းနည်း မမှားအောင် ကိုယ်တွယ်ပါ။
        မိသားစုတွင်းကြုံတွေ့နေရတဲ့ ပြဿနာဆိုတာ ကိုယ်တစ်ဦးတည်း ကြုံရတာ မဟုတ်ပါဘူး။ အခြားမိသားစုတွေမှာလည်း အလားတူ ပြဿနာတွေရှိပါတယ်။ ဒါဟာ ပြဿနာကိုမင်းဘယ်လိုကိုင်တွယ် ဖြေရှင်းလိုက်နိုင်လဲဆိုတာအပေါ်မှာ မူတည်ပါတယ်။

(၁၁)  တစ်ဦးနဲ့တစ်ဦးကြားက သံယောဇဉ်ကို ကောင်းစွာထိန်းသိမ်းပါ။
        သာယာတဲ့အိမ်ထောင်စုတစ်ခုအတွက် တစ်ဦးအပေါ်တစ်ဦးအချိန်ပေးနိုင်ရန် လိုအပ်ပါတယ်။

(၁၂)  ကလေးတွေရဲ့ ခံစားချက်ကို နားလည်နိုင်ပါစေ ။

(၁၃)  သားသမီးများအနေနဲ့လည်း မိဘစိတ်ဓါတ်ကျအောင် မလုပ်မိပါစေနဲ့ ။
        ဥပမာ - မင်းရဲ့ စာမေးပွဲရမှတ်နည်းတာကို လက်ခံနိုင်ပေမယ့် စာမေးပွဲ ကျလောက်တဲ့အထိ ဆိုးသွမ်းမှုမျိုးကိုတော့ မိဘတိုင်းစိတ်ပျက်မှာပါ။

 ကောင်းမွန်ပျော်ရွှင်တဲ့ မိသားစုဘ၀တိုင်းအတွက် သိထားသင့်တယ်လို့ ယူဆပြီး တင်ပြလိုက်ရပါတယ်။
Trend Myanmar



Myanmar Techno Library
ကွန်ပျူတာဆိုင်ရာ၊ မိုဘိုင်းဖုန်းဆိုင်ရာ၊ စာပေကဏ္ဍ၊ ဖျော်ဖြေရေးနှင့်သတင်းကဏ္ဍစုံလင်စွာဖတ်ရှုနိုင်ဖို့ ယခုပဲ Like လုပ်လိုက်ပါ ... Please Share This Post
Facebook မှမလွတ်တမ်းဖတ်ရှုလိုပါက follow ကိုနှိပ်ပါ။ Confirm ကိုထပ်နှိပ်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။
Myanmar Techno Library
*******************************************************************

0 comments:

Post a Comment

နည်းပညာကဏ္ဍ၊ စာပေကဏ္ဍ၊ ဖျော်ဖြေရေးနှင့်သတင်းကဏ္ဍစုံ ...
Free Download Full Version Softwares & Applications For Your Computers & Mobile Devices ...