
13 September 2012 (Thailand) မှာ ရုံတင်ခဲ့တဲ့ ထိုင်းသရဲကားဖြစ်ပါတယ်...
ဇတ်လမ်း ပုံစံကတော့ လက်ထပ်မယ် ပြောထားတဲ့ ချစ်သူက ကားမှောက်
သေပြီလို့ ကြားပြီး တိုက်ပေါ်က ခုန်ချသွားတဲ့ မိန်းမချောလေး....
မသေခင်က သူမ ကို ကျိတ်ကြွေနေတဲ့ ထမင်းဆိုင်က ကောင်လေးကတော့
ကောင်မလေး တိုက်ပေါ်က ခုန်ချ သေသွားပြီးနောက်မှာ
သူမ ရဲ့ အတွင်းခံ အ၀တ်ကို ခိုးယူထားတာ စိတ်မသန့်လို့ ပြန်သွားအထား
အခန်းရှေ့မှာပဲ ပျောက်ဆုံးသွားတယ်....
သေခါနီး ကင်ဆာ ရောဂါသယ် တစ်ယောက်ကလဲ ထိုအခန်းကို လာအငှား
မစားသင့်တဲ့ သေသူကို ပူဇော်တဲ့ အစား စားမိလို့ အသေဆိုးနဲ့ သေရပြန်...
ချစ်သူ ဆိုတဲ့ လူရဲ့ အလိမ်စကား ကို ပြောပေးတဲ့ သူငယ်ချင်း ဆိုတဲ့ မိန်းမလဲ
ကားမှောက်ပြီး သေပြန်တယ်....
နောက်ဆုံး သူ လိမ်ညာမိလို့ သေသွားတဲ့ ကောင်မလေး အသုဘ ကို
ရောက်လာတွေ့တဲ့ ကောင်လေးလဲ နောက်နေ့ မနက် ကားပဲ မြင်ရပြီး
လူကတော့ ထူးဆန်းစွာ ပျောက်ဆုံးသွားပြန်တယ်...


0 comments:
Post a Comment
နည်းပညာကဏ္ဍ၊ စာပေကဏ္ဍ၊ ဖျော်ဖြေရေးနှင့်သတင်းကဏ္ဍစုံ ...
Free Download Full Version Softwares & Applications For Your Computers & Mobile Devices ...